တောင်ကြီးမြို့ရှိ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ လက်ရက်ကန်း (၆) လသင်တန်းများနှင့်အတူ အခြားအသက်မွေးဝမ်းကျောင်းသင်တန်းများကိုလည်း လက်တွေ့သင်ကြားပို့ချပေးလျက်ရှိသည်။ သင်တန်းများတွင် သင်ယူသူများအား လက်တွေ့ကျကျ သင်ကြားပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ရေးနှင့် အသက်မွေးဝမ်းကြောင်း တိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်သည်။



