လှိုင်မြို့နယ်ရှိ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် ၂၀၂၅ ခုနှစ် ဇွန်လကျောင်းဖွင့်ချိန်အတွက် ကျောင်းသား/သူများ သင်ကြားသင်ယူမှုများ အဆင်ပြေစွာ ဆောင်ရွက်နိုင်စေရန် သင်တန်းခန်းများ၊ သင်ကြားရေးပစ္စည်းကိရိယာများနှင့် ပတ်ဝန်းကျင်အခြေအနေများကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ပြီးစီးထားကြောင်း သိရသည်။ ယင်းပြင်ဆင်မှုများသည် ကျောင်းသား/သူများအတွက် သက်သာအေးချမ်းသော သင်ကြားပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် အချိန်မီဆောင်ရွက်ခြင်းဖြစ်သည်။



