ပါကစ္စတန်နဲ့ အာရှဖလားခြေစစ်ပွဲကစားရမယ့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း လေ့ကျင့်မှုအစီအစဉ်တွေကို မေလ ၂၃ရက်မှ စတင်မှာဖြစ်ပေမယ့် ပြည်ပကလပ်တွေက ပြန်ရောက်နေတဲ့ ကစားသမားတွေကတော့ Self-Training တွေ ပြုလုပ်နေကြပြီး ဒဏ်ရာကြောင့် အာဖဂန်နစ္စတန်နဲ့ပွဲကို လွဲချော်ခဲ့တဲ့ ထိုင်းလိဂ်(၁)ကလပ် ချင်းရိုင်ယူနိုက်တက်တိုက်စစ်မှူး ဝင်းနိုင်ထွန်းလည်း ပြန်ရောက်နေပြီး အပေါ့စားလေ့ကျင့်ခန်းတွေလုပ်နေသလို မလေးရှားလိဂ်ကလပ် ဆီလန်ဂေါနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်တဲ့ ဟိန်းထက်အောင်လည်း လက်ရွေးစင်ပွဲအတွက် အသင့်ဖြစ်ေနပါတယ်။ မြန်မာအသင်းဟာ ဇွန်လ ၁၀ရက်မှာ အာရှဖလားခြေစစ်ပွဲ ဒုတိယပွဲအဖြစ် ပါကစ္စတန်အသင်းနဲ့ ရန်ကုန်မြို့မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
မြန်မာအသင်းဟာ ဇွန်လ ၁၀ရက်မှာ အာရှဖလားခြေစစ်ပွဲ ဒုတိယပွဲအဖြစ် ပါကစ္စတန်အသင်းနဲ့ ရန်ကုန်မြို့မှာ ယှဉ်ပြိုင်ရမည်
May 21 • 1:29 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


