back

Miss Grand International ဗီယက်နမ်အလှမယ်ဟောင်း ဖမ်းဆီးခံရမှုဖြစ်ပွား

May 21 • 1:13 AM

breaking-news

မြန်မာ

ပြည်ပ

cover

Miss Grand International ဗီယက်နမ်အလှမယ်ဟောင်း ဖမ်းဆီးခံရမှုဖြစ်ပွား

Miss Grand International 2021 Winner ဆုရှင်လည်းဖြစ် ဗီယက်နမ်အလှမယ်ဆုများစွာ ရရှိထားသူလည်းဖြစ်တဲ့ အသက် ၂၆နှစ်အရွယ် Nguyen Thuc Thuy Tien ဟာ သူမရောင်းချတဲ့ Kera v...

Miss Grand International 2021 Winner ဆုရှင်လည်းဖြစ် ဗီယက်နမ်အလှမယ်ဆုများစွာ ရရှိထားသူလည်းဖြစ်တဲ့ အသက် ၂၆နှစ်အရွယ် Nguyen Thuc Thuy Tien ဟာ သူမရောင်းချတဲ့ Kera vegetable candy ကြောင့်အဖမ်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။သူမဟာ အဆိုပါ သကြားလုံးကို အလွန်အကြူး အမွှန်းတင်ကြော်ငြာခဲ့တာဖြစ်ပြီး အသက် ၃နှစ်အထက်ကနေစပြီး စိတ်ချစွာ အသုံးပြုနိုင်ဟုဆို၍စစ်ဆေးမှုတွေအရ သူမပြောထားသလို သဘာဝသစ်သီးတွေရဲ့ အမျှင်ဓာတ် ပါဝင်မှု အရမ်းများတယ်ဆိုတဲ့ ရလဒ်အစား အမျှင်ဓာတ်အရမ်းနည်းတာတွေ့ခဲ့ရပြီး နောက်မှာ ဒီကိစ္စတွေ စတင်ဖြစ်ပေါ်လာခဲ့ပြီး မေလ ၁၉ရက်နေ့မှာတော့ ခုလို အဖမ်းခံရတဲ့ထိ ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါ Kera သကြားလုံးရဲ့ ကုမ္ပဏီ ပိုင်ရှင်ရှယ်ယာထဲမှာ Tien ကိုယ်တိုင်ပါဝင်နေတယ်လို့ သိရပြီး အခြား ဆိုရှယ်အင်ဖလူရန်ဆာ တွေလည်း ပါဝင်ကြတယ်လို့ ဆိုထားပါတယ်.လက်ရှိမှာ Miss Grand international ပိုင်ရှင် မစ္စတာနဝတ် က ဘာမှထုတ်ပြန်တာမျိုး မတွေ့ရသေးပဲ Tien ဟာ ၂၀၂၂ ခုနှစ်ကတည်းက စာချုပ်သက်တမ်းပြည့်ခဲ့ပြီး ဖြစ်ပါတယ်။


news-view-count-icon

20