မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ထမ်းအိမ်ရာများမှ အပြာရောင်အဆင့်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လူနေတိုက်ခန်းများ၌ ဝန်ထမ်းမိသားစုများ ပြန်လည်နေထိုင်လျက်ရှိရာ ယမန်နေ့ညနေပိုင်းတွင် ဝန်ကြီးဌာနတာဝန်ရှိသူများက ဝန်ထမ်းအိမ်ရာအလိုက် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီးပတ်ဝန်းကျင်သန့်ရှင်းရေး၊ ဝန်ထမ်းမိသားစုများ၏ကျန်းမာရေး၊ စားသောက်နေထိုင်ရေးဆိုင်ရာများစားသောက်ဖွယ်ရာများနှင့် အိမ်သုံးဆေးဝါးများကို စီမံဆောင်ရွက်ပေးခဲ့ကြပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ၌ ပြန်လည်နေထိုင်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာများစစ်ဆေး၍ စားသောက်ဖွယ်ရာများနှင့် အိမ်သုံးဆေးဝါးများ ထောက်ပံ့ပေးအပ်
May 21 • 1:09 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 35 | 0 | 0 | 0 |


