မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများအနက် အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် ဆန်စပါးသည် နိုင်ငံ၏အခြေခံကျသော အစားအစာဖြစ်သည့်အပြင် မဟာဗျူဟာမြောက်သည့် စိုက်ပျိုးရေးထွက်ကုန်တစ်ခုလည်း ဖြစ်ပါသည်။မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် ရေ၊ မြေ၊ ရာသီဥတု၊ ဒေသနှင့်ကိုက်ညီပြီး အရည်အသွေးကောင်းမွန်၍ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ဝင်သော စပါးမျိုး စုစုပေါင်း ၂၀၀ ကျော် စိုက်ပျိုးလျက်ရှိပါသည်။ ဆန်စပါးသည် တစ်နိုင်ငံလုံးရှိ သီးနှံစိုက်ပျိုးဧရိယာ၏ ၃၄ ရာခိုင်နှုန်းခန့်ရှိပြီး မိုးစပါးနှင့် နွေစပါးစုစုပေါင်း စိုက်ဧက ၁၇ သန်း ခန့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ နှစ်စဉ်ထွက်ရှိသည့် ဆန်စပါး၏ ၈၀ ရာခိုင်နှုန်းကို ပြည်တွင်း စားသုံးမှုနှင့်စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်မှုတွင် အသုံးပြု၍ ကျန် ၂၀ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။
May 20 • 10:01 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 39 | 0 | 0 | 0 |


