လင်းလက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက "ကလေးတွေက မိခင်တစ်ဦးတည်းက စောင့်ရှောက်နေရတဲ့ ကလေးတွေ။ အမေက လေးငါးနှစ်အရွယ်သားအငယ်လေးတစ်ဖက်နဲ့ အလုပ်လုပ်နေရတယ်။ သားအကြီးနှစ်ဦးက ရေနစ်သေဆုံးတယ်။ အလတ်ကောင်လေး ရေကူးရင်းနစ်နေတာကို အကြီးကောင်လေးက ကူညီရင်း နှစ်ဦးစလုံးဖြစ်တာလို့ ကြားတယ်။ တစ်ဦးက နစ်တဲ့နေရာနဲ့ မနီးမဝေးဘဲ ခြေထောက် ကြိုးရစ်လျက်သား ရေကျတော့ ပေါ်လာတယ်။ နောက်တစ်ဦးကတော့ ပိတောက်ချောင်းငါးဈေး ငါးဖမ်းစက်လှေတွေ ကပ်တဲ့ဆိပ်နားမှာပေါ်တာ။" လို့ တာဝန်ရှိသူတွေကဆိုပါတယ်။


ကျူရှင်ကနေအပြန် သူငယ်ချင်းတွေနဲ့အတူ လှိုင်မြစ်ထဲ ရေဆင်းကူးရာက ရေနစ်သေဆုံးသူ ကလေးနှစ်ဦးရဲ့ ရုပ်အလောင်း သုံးရက်မြောက်တဲ့နေ့မှာ ပြန်ပေါ်လာ
May 20 • 9:58 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 17 | 0 | 0 | 0 |


