back

မိခင်ရက်လည်ပြီး သုံးရက်မြောက်နေ့မှာ ကျန်းမာရေးမကောင်းတဲ့ ဖခင်က လူမမယ်ရင်သွေးငယ်ကလေးသုံးဦးကို မိဘမဲ့ဂေဟာပို့ဆောင်

May 20 • 9:57 AM

breaking-news

မြန်မာ

ပဲခူး

cover

မိခင်ရက်လည်ပြီး သုံးရက်မြောက်နေ့မှာ ကျန်းမာရေးမကောင်းတဲ့ ဖခင်က လူမမယ်ရင်သွေးငယ်ကလေးသုံးဦးကို မိဘမဲ့ဂေဟာပို့ဆောင်

ဒီဖြစ်စဉ်က ပဲခူးတိုင်း၊ တောင်ငူခရိုင် ၊ ဖြူးမြို့နယ်အပိုင်၊ အမြန်လမ်း ၁၁၅ မိုင်ရှိ အမြန်လမ်းမီးသတ်စခန်းအနောက် တာရိုးပေါ်မှာ တဲထိုးနေထိုင်တဲ့ မိသားစုတစ်စုဆီမှာ ဖ...

ဒီဖြစ်စဉ်က ပဲခူးတိုင်း၊ တောင်ငူခရိုင် ၊ ဖြူးမြို့နယ်အပိုင်၊ အမြန်လမ်း ၁၁၅ မိုင်ရှိ အမြန်လမ်းမီးသတ်စခန်းအနောက် တာရိုးပေါ်မှာ တဲထိုးနေထိုင်တဲ့ မိသားစုတစ်စုဆီမှာ ဖြစ်ပျက်ခဲ့တာပါ။ အဲဒီမိသားစုမှာ အရင်ကတော့ အသက် လေးဆယ်ကျော်ဖခင်၊ အသက် သုံးဆယ့်ခြောက်နှစ်အရွယ်မိခင်နဲ့ ငါးတန်းကျောင်းသား အသက် ဆယ့်နှစ်နစ်ကျော် ဆယ့်သုံးနှစ်သား အကိုကြီီးရယ် သူ့အောက်မှာ အသက် ငါးနှစ်ကျော်နဲ့၊ သုံးနှစ်ကျော်အရွယ် ညီမလေး နှစ်ယောက်အပြင် အသက် ခုနစ်လသားငယ်လေးတို့ ခြောက်ဦးရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကတော့ အဲဒီမိသားစုရဲ့ မိခင်ဖြစ်သူ ရက်လည်တဲ့နေ့ပါ။ ကျောက်ကပ်ရောဂါအပြင် သားအိမ်မှာ အလုံးတည်တဲ့ ဝေဒနာနဲ့ ဆေးရုံတက်ရောက်ကုသနေရင်း ၁၁ ရက်နေ့က ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

news-view-count-icon

13