back

မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှု ငွေကျပ် ၃၆၂၉ ဒသမ ၂၈၈ ဘီလီယံရှိခဲ့

May 20 • 9:55 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှု ငွေကျပ် ၃၆၂၉ ဒသမ ၂၈၈ ဘီလီယံရှိခဲ့

မတ်လ၂၈ ရက်တွင်ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုအနေဖြင့် ငွေကျပ် ၃၆၂၉ ဒသမ ၂၈၈ ဘီလီယံရှိခဲ့သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥ...

မတ်လ၂၈ ရက်တွင်ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုအနေဖြင့် ငွေကျပ် ၃၆၂၉ ဒသမ ၂၈၈ ဘီလီယံရှိခဲ့သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မေလ ၁၉ ရက်တွင် ပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့မှုအရ သိရသည်။အလားတူ ၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့်လည်း ပျက်စီးဆုံးရှုံးမှုအနေဖြင့် ငွေကျပ် ၅၃၄ ဒသမ ၁၄၆ ဘီလီယံဖိုး ဆုံးရှုံးခဲ့ရပြီး နိုင်ငံတော်အစိုးရဘတ်ဂျက်မှ ငွေကျပ် ၇၃ ဒသမ ၇၉၇ ဘီလီယံကျော်ဖိုး ပြန်လည်ပြုပြင်ထောက်ပံ့ပေးခဲ့ရသည်ဟုဆိုသည်။

news-view-count-icon

13