မတ်လ ငလျင်ကြောင့် နာလန်မထူနိုင်ကြသေးသည့် အခြေအနေတွင် အကူအညီ နည်းပါးမှု၊ နောက်ဆက်တွဲ ငလျင်ငယ်များ ဖြစ်ပေါ်လာမှုတို့ကို ငလျင်ဒေသမှ ပြည်သူများ ရင်ဆိုင်နေရသည်။
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြောင့် လူတစ်သိန်းကျော် အသေအပျောက်ရှိသည်အထိ ပျက်စီးမှု ကြီးမားခဲ့စဉ်ကလည်း အခြေခံဥပဒေ ဆန္ဒခံယူပွဲကို ဦးစားပေး ကျင်းပခဲ့သည်။ယခုလည်း ငလျင်ကြောင့် မြို့အများအပြားတွင် အကြီးအကျယ် ပျက်စီးသွားသော်လည်း ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲကျင်းပရေးကိုသာ ဦးစားပေးနေကြောင်း တွေ့ရသည်။


