back

သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ဇွန် ၂ ရက် ကျောင်းဖွင့်ချိန်အမီ ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

May 20 • 9:24 AM

breaking-news

မြန်မာ

မန္တလေး

cover

သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ဇွန် ၂ ရက် ကျောင်းဖွင့်ချိန်အမီ ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းက လှိုင်မြို့နယ်ရှိ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန သတင်းအချက်အလက်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိ...

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းက လှိုင်မြို့နယ်ရှိ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန သတင်းအချက်အလက်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး နိုင်ငံတော်အကြီးအကဲ၏ မတ် ၁၄ ရက် ခရီးစဉ်လမ်းညွှန်ချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ဦးစွာ ဒုတိယဝန်ကြီးသည် ပင်မဆောင်အဆောက်အအုံတွင် မွမ်းမံရေးလုပ်ငန်းများ၊ ဘက်စုံသုံးခန်းမနှင့် Theater တို့တွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ တက္ကသိုလ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လာမည့် ဇွန် ၂ ရက် ကျောင်းဖွင့်ချိန်အမီ စာသင်ခန်းများနှင့် ကွန်ပျူတာစက်ခန်းများ၊ စာကြည့်တိုက်၊ K-Lab တို့တွင် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်ချက်များအတိုင်း တိတိကျကျလိုက်နာ၍ စနစ်တကျ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။

news-view-count-icon

17