လျှပ်စစ်စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် လိုအပ်ချက်ရှိခဲ့ပြီး အချိန်တိုအတွင်း လျှပ်စစ်ရရှိနိုင်ရန် ဆိုလာစွမ်းအင်ဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ထိခိုက်ပျက်စီးခဲ့ရသည့် လမ်း၊ တံတားများကို အမြန်ဆုံးကောင်းမွန်အောင် ဆောင်ရွက်ပေးလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုမရှိပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်ရန်အခက်အခဲများစွာရှိမည်ဖြစ်ပြီး ပြည်သူတို့၏ လူမှုစီးပွားဘဝများ ထိခိုက်စေနိုင်မည်ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပြည်သူလူထုက ယုံကြည်မှုရှိပြီး အားကိုးရသည့် အစိုးရတစ်ရပ်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ သမိုင်းကြောင်းကောင်းကို ရေးထိုးနိုင်ရန်လိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
May 20 • 9:22 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


