back

အဆိုတော်နွေဦးက ဒေါက်ဖိနပ်နဲ့ အသက်လုပြေးခဲ့ရတဲ့ ကိုယ်တွေ့အဖြစ်ကိုပြောပြပြီး သတိပေး ရန်ကုန်ကအမျိုးသမီးတွေ ဂရုစိုက်ကြဖို့ ဆို

May 20 • 9:13 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အဆိုတော်နွေဦးက ဒေါက်ဖိနပ်နဲ့ အသက်လုပြေးခဲ့ရတဲ့ ကိုယ်တွေ့အဖြစ်ကိုပြောပြပြီး သတိပေး ရန်ကုန်ကအမျိုးသမီးတွေ ဂရုစိုက်ကြဖို့ ဆို

အဆိုတော် နွေဦးက ရန်ကုန်က အမျိုးသမီးတွေ ဂရုစိုက်ကြဖို့ကို သူမအဖြစ်အပျက်ကိုပြောပြပြီး သတိပေးလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ရက်တွေက အင်းယားမြိုင်လမ်းဘက်မှာ သူမကြုံတွေ့ခဲ့ရတ...

အဆိုတော် နွေဦးက ရန်ကုန်က အမျိုးသမီးတွေ ဂရုစိုက်ကြဖို့ကို သူမအဖြစ်အပျက်ကိုပြောပြပြီး သတိပေးလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ရက်တွေက အင်းယားမြိုင်လမ်းဘက်မှာ သူမကြုံတွေ့ခဲ့ရတာဖြစ်ကာ ကားကို လမ်းထိပ်မှာရပ်ထားတာကြောင့် လမ်းကြားထဲကနေခြေလျင်လျှောက်လာတဲ့ သူမဘေးကို မှန်အမဲအပြည့်ကပ်ထားတဲ့ ပေါင်မုန့်လိုကားတစ်စီးက ရုတ်တရက်ဆိုသလို ရပ်လိုက်တယ်လို့ပြောပါတယ်။ အစပိုင်းမှာတော့ သူမက ကြောင်သွားပြီး အတွေးဝင်နေချိန်မှာ ကား Back ပြန်ဆုတ်လာတဲ့ မီးကိုမြင်လိုက်ရချိန် 'အန္တရာယ်ကြုံတော့မယ်ဆိုတဲ့ အသိ ဦးနှောက်ထဲ ဝင်လာပြီး ' စီးလာတဲ့ ဒေါက်ဖိနပ်ပါတာတောင် အသက်လုပြီး နောက်ပြန်လှည့်ပြေးခဲ့ရတယ်လို့ နွေဦးက ပြောပြပါတယ်။ ကားနောက်ဆုတ်လာတဲ့ပုံက ပါကင်ထိုးမယ့်ပုံစံလည်း မဟုတ်သလို ဘေးနားမှာ လူသွားလူလာလည်း မရှိတာကြောင့် သူမက ဘာမှဆက်မတွေးတော့ဘဲ ကားရှိရာသို့ နောက်ပြန်လှည့်ပြေးခဲ့တာပါ။ ကားပေါ်ရောက်ချိန် ပြန်ကြည့်လိုက်ချိန်မှာ အဆိုပါကားဟာ သူမပြေးတဲ့လမ်းထိပ်ကို ပြန်လှည့်လာတာ တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ အဆိုပါနေရာမှာ လူသူမရှိသလို ကားမရှိတဲ့မိန်းကလေးသာဆို ဘယ်လိုဘယ်ပုံဖြေရှင်းကြမလဲလို့ စိုးရိမ်စွာနဲ့ မေးခွန်းထုတ်ခဲ့ပါတယ်။ ကားပေါ်ပြန်ရောက်ချိန်မှာတော့ သူမဟာကြောက်လွန်းလို့ ပြေးလာတဲ့အရှိန်ကြောင့် ဒူးချောင်ပြီး ငိုယိုနေခဲ့တယ်လို့ ဆိုပါတယ်။




news-view-count-icon

33