ထိုင်းနိုင်ငံတွင်၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၂၀ ရက်ထိ သီတင်း ၂၁ ပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၈,၈၉၁ ယောက်ရှိခဲ့ပြီး သေဆုံးသူ ၂၇ ယောက် ရှိတယ်၊ ကူးစက်ခံရသူ အများစုမှာ အသက် ၆၀ နဲ့အထက် လူကြီးတွေဖြစ်ပြီးမနှစ်က ဒီလိုအချိန်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၄၁၈, ၅၂၈ ရှိပြီး ၁၂၁ ယောက် သေဆုံးတယ်၊ ဒါကြောင့် မနှစ်ကထက်စာရင်တော့ အခြေအနေ မဆိုးရွားဘူး၊ လက်ရှိ ကူးစက်နေတဲ့ ကိုဗစ်-၁၉ ဟာ XEC မျိုးစိတ်ဖြစ်ပြီး ပြင်းထန်မှုမရှိဘူး၊ ဒါပေမဲ့ မပေါ့ဆဘဲ သတိထားပြီး ကာကွယ်ဖို့ လိုအပ်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးက ပြောသွားပါတယ်။



