ဘန်ကောက်မြို့ Ratchada Area ထဲရှိ ကွန်ဒိုတစ်ခုတွင် မြွေကြီးနှစ်ကောင် hallway လမ်းပေါ်တွင် လွတ်လပ်စွာ လှုပ်ရှားနေကြသည်ကို မြင်တွေ့ခဲ့ရသည့် ကွန်ဒိုနေထိုင်သူတစ်ဦးက လိုင်းပေါ်ဝေမျှခဲ့ပြီး နောက်တစ်နေ့အတွင်း လူသိများလာခဲ့သည်။ထိုကွန်ဒိုတွင် အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်းကို တားမြစ်ထားသော်လည်း နေထိုင်သူတစ်ဦးသည် ခွေးတစ်ကောင်ကို နှစ်နှစ်ကျော်မွေးမြူနေခဲ့သည်။
ထိုခွေး၏ဆူညံသံကြောင့် အိမ်နီးချင်းနေထိုင်သူများက အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့သည်။သို့သော် Condo Management သည် အရေးမယူသောကြောင့် ခွေးပိုင်ရှင်ကို ခြောက်လှန့်လိုက်ဖို့ ထိုအိမ်နီးချင်းမှ မြွေကြီးနှစ်ကောင်ကို hallway ထဲတွင် လွှတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရှိရသည်။အုပ်ချုပ်ရေးမှူးက ခွေးပိုင်ရှင်အား ၁၀,၀၀၀ ဘတ် ဒဏ်ကြေးချမှတ်ခဲ့ပြီး ခွေးကို ပြန်လည်ပေးဆောင်ရန် ညွှန်ကြားခဲ့ပီး မြွေပိုင်ရှင်အားလည်း တရားဝင်စာဖြင့် သတိပေးခဲ့ပြီး မြွေများကို ပြန်လည်ဖယ်ရှားရန် ညွှန်ကြားခဲ့သည်။



