back

ဝေါမြို့နယ်နှင့် မြဝတီမြို့တို့တွင် Tramadol ဆေးတောင့်များနဲ့အတူ တရားခံများ ဖမ်းဆီးရမိခဲ့

May 20 • 7:51 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဝေါမြို့နယ်နှင့် မြဝတီမြို့တို့တွင် Tramadol ဆေးတောင့်များနဲ့အတူ တရားခံများ ဖမ်းဆီးရမိခဲ့

မေလ ၁၇ ရက်နေ့ ၁၈နာရီ၃၀မိနစ် အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ ဝေါမြို့နယ်၊ ညောင်ခ...

မေလ ၁၇ ရက်နေ့ ၁၈နာရီ၃၀မိနစ် အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် စိုးမြင့် မောင်းနှင်ပြိီး မလှသူဇာ(ခ)ဘေဘေ လိုက်ပါလာသည့် TOYOTA PROBOX အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ Tramadol ဆေးတောင့် ၁၅,၀၀၀ တောင့် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၆၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်ရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ မေလ ၁၈ ရက်နေ့ ၀၉နာရီ၀၀ အချိန် စိုးမြင့် နှင့် မလှသူဇာ(ခ)ဘေဘေ တို့နေထိုင်သည့် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ နေအိမ်ခြံဝင်းအတွင်းမှ ဇော်မြင့်သူ(ခ)ရှက်ဟီဒွတ်လာ အား စိတ်ပြောင်းဆေးဝါး Tramadol ဆေးတောင့် ၁၅,၀၀၀ တောင့်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၇.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ၁၃၀၀ အချိန် ကျော်ကျော်လှိုင်(ခ)ကျော်ကြီး အား ၎င်းနေထိုင်သည့် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ နေအိမ်အတွင်းမှ Tramadol ဆေးတောင့် ၄၅,၀၀၀ တောင့်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၉၂.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ၁၃၃၀ အချိန် Tramadol ဆေးတောင့်များ လက်ခံမည့် ဇော်သိန်း(ခ)စိုနေ အား ၎င်းနေထိုင်သည့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၇၁)ရပ်ကွက်ရှိ နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း၊ ၁၄၁၀ အချိန် အဆိုပါ Tramadol ဆေးတောင့်များ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်း ပါဝင်သူများဖြစ်သည့် စိုးသန်း(ခ)မိုဟာမက်ဆွာလေ၊ ကျော်ဇေယျ(ခ)စဒက်ရှ်၊ မင်းခန့်ကိုကို(ခ)အိုမာခန်း တို့အား မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်တွင် HIJET အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုးမြင့်(၅၅)နှစ်၊ မလှသူဇာ(ခ)ဘေဘေ(၄၄)နှစ်၊ ဇော်သိန်း(ခ)စိုနေ(၂၂)နှစ်၊ ဇော်မြင့်သူ(ခ)ရှက်ဟီဒွတ်လာ(၂၃)နှစ်၊ ကျော်ကျော်လှိုင်(ခ)ကျော်ကြီး(၃၅)နှစ်၊ စိုးသန်း(ခ) မိုဟာမက်ဆွာလေ(၄၄)နှစ်၊ ကျော်ဇေယျ(ခ)စဒက်ရှ်(၂၂)နှစ် နှင့် မင်းခန့်ကိုကို(ခ)အိုမာခန်း(၂၁)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။



news-view-count-icon

29