'ကမ္ဘာ့သမုဒ္ဒရာများနေ့'အထိမ်းအမှတ်အဖြစ် မြန်မာလူငယ်တွေအတွက် အနုပညာလက်ရာခေါ်ယူမှု အစီအစဉ်တွေရှိတယ်လို့ သိရပါတယ်။အသက် ၁၃ နှစ်မှ ၂၀ နှစ်အတွင်း အနုပညာရှင်လူငယ်များ ပါဝင်နိုင်မယ့်အခွင့်အရေးဖြစ်ပြီး "Our Ocean, Our Life" ဆိုတဲ့ခေါင်းစဉ်နဲ့ကိုက်ညီတဲ့ ကဗျာ၊ စာစီစာကုံး၊ စကားပြေ၊ ပန်းချီ၊ Digital Drawing စတဲ့ ကိုယ်ပိုင်ဖန်တီးမှုအမျိုးမျိုးကို ပေးပို့နိုင်ပြီးရွေးချယ်ခံရသူများကို ဆုလက်ဆောင်နဲ့ ဂုဏ်ပြုလက်မှတ်အပြင်၊ ရွေးချယ်ခံရတဲ့အနုပညာလက်ရာကို Goethe-Institut Myanmar မှာ ပြုလုပ်မယ့် World Oceans Day 2025 ပြပွဲမှာ ပြသသွားမှာဖြစ်ပါတယ်။
May 20 • 5:52 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


