၂၀၂၅ မေ ၁၉ ရက်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ဦးစီးမှုဖြင့် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းနှင့် ရခိုင်တိုင်းဒေသကြီးများတွင် တာဝန်ကျပူးပေါင်းအဖွဲ့များမှ တင်းကြပ်စွာစစ်ဆေးခဲ့ရာတွင် တရားဝင်စာရွက်စာတမ်းမရှိသော ကျွန်းသစ်ပစ္စည်း ၁၉ တန်ကျော်၊ လူသုံးကုန်ပစ္စည်း ၁၀ မျိုး၊ စားသောက်ကုန် ၆ မျိုး၊ လုပ်ငန်းသုံးပစ္စည်းများနှင့် တရားမဝင် ယာဉ် ၄ စီးအပါအဝင် စုစုပေါင်းခန့်မှန်းတန်ဖိုးကျပ် ၅၀၉,၆၃၉,၇၁၂ ကျော်သောပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ သစ်တောဥပဒေ၊ အကောက်ခွန်ဥပဒေ၊ ပို့သွင်းပို့ကုန်ဥပဒေများအရ တင်းတင်းကျပ်ကျပ်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



