နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်များတွင် တည်ရှိသည့် ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံများမှ တစ်ဆင့် ပုံမှန်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဓာတ်အားပေးဝေမှု တိကျမှုရှိစေရန်နှင့် နယ်မြေအတွင်း အသုံးပြုသူများအား ယုံကြည်စိတ်ချစွာ လျှပ်စစ်ဓာတ်အားရရှိနိုင်ရေးအတွက် တာဝန်ရှိအင်ဂျင်နီယာများနှင့် ဝန်ထမ်းများက နေ့စဉ်စောင့်ရှောက်မှုများ၊ ပြုပြင်ထိန်းသိမ်းမှုများကို ဆက်လက်ပြုလုပ်နေသည်။



