back

KSCU မှ ၂၀၂၅ ပညာသင်နှစ်၊ စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား နေ့သင်တန်းလျှောက်လွှာ ခေါ်ယူ

May 19 • 11:39 PM

breaking-news

မြန်မာ

ကချင်

cover

KSCU မှ ၂၀၂၅ ပညာသင်နှစ်၊ စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား နေ့သင်တန်းလျှောက်လွှာ ခေါ်ယူ

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ( KSCU ) အနေဖြင့်ယခု ၂၀၂၅ ပညာသင်နှစ်အတွက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ အတန်းစုံမှ B.Agr.Sc. ကျောင်းသား၊ ကျောင်းသူများကို စတင်သင...

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ( KSCU ) အနေဖြင့်ယခု ၂၀၂၅ ပညာသင်နှစ်အတွက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ အတန်းစုံမှ B.Agr.Sc. ကျောင်းသား၊ ကျောင်းသူများကို စတင်သင်ကြားပေးသွားမည် ဖြစ်ကြောင်း KSCU မှ ယမန်နေ့ ထုတ်ပြန်ကြေညာထားပါသည်။သင်တန်း လျှောက်လွှာများကို (၂၀.၅.၂၀၂၅)ရက်နေ့မှ စတင်ထုတ်ယူနိုင်ပြီ ဖြစ်ပြီး (၁၆.၆.၂၀၂၅) နေ့မှစ၍ သင်ကြားရေးများ စတင်သွားမည်ဖြစ်ပါသည်။လျှောက်ထားနိုင်သောအတန်းများ

- ပထမနှစ်

- ဒုတိယနှစ်

- တတိယနှစ်

- စတုတ္ထနှစ်

- နောက်ဆုံးနှစ်


လျှောက်လွှာများကို ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ ရုံးချိန် နံနက် ၉း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအတွင်း လာရောက် လျှောက်ထားနိုင်ကြောင်း သိရှိရပါသည်။


news-view-count-icon

17