MNL (U-21) Youth League 2025 အမှတ်ပေး ဘောလုံးပြိုင်ပွဲ (Week-4) ပွဲစဉ်တစ်ပွဲ အဖြစ် မေ ၁၉ ရက်(ယနေ့)၊ ညနေက ပဒုမ္မာကွင်း၌ Junior Lions အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံး ကစားသမားဆုကို Junior Lions အသင်းတိုက်စစ်မှူး သော်ဇင်ကိုက ရရှိခဲ့ သည်။ Junior Lions အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ပွဲတွင် Junior Lions အသင်းက ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ တိုက်စစ်မှူး သော်ဇင်ကို(ကျောနံပါတ်-၁၀)သည် ခြေစွမ်းပြ နိုင်ခဲ့ပြီး အသင်းအတွက် သွင်းဂိုး သုံးဂိုးကိုလည်း သွင်းယူပေးခဲ့သည့်အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။



