ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ၌ ပျက်ဆီးသွားသည့် အိမ်များပြန်လည်တည်ဆောက်ရာတွင် မိုးဦးကာလအတွင်း၌ အိမ်ဆောက်ရာတွင် လက်သမား မလုံလောက်သည့် အပြင် အိမ်များဆောက်ရာ အချိန်ကြာမြင့်စွာယူရသဖြင့် စရိတ်များ ပိုကုန်ကျကြောင်း သိရသည်။အိမ်ဆောက်ဖို့ရန်အတွက်အလှူရှင်များ ရှိသော်လည်း အိမ်ဆောက်ရာတွင် လက်သမားခေါ်မရသဖြင့် လက်သမား မလုံလောက်ကြောင်းသိရသည်။ ယခုကာလတွင် မိုးရာသီရောက်ပြီးဖြစ်၍ မိုးမလုံတဲ့ဒဏ်များ၊ သောက်သုံးရေ ရှားပါးတဲ့ဒဏ်များ၊ ကျန်းမာရေးထိခိုက်မှုများနကြုံတွေ့မှာကို စိုးရိမ်နေကြပြီး မိုးများနှင့် သဲနုန်းများ အင်းလေးကန်ထဲ ရောက်ရှိလာပြီး သဲနုန်းမြေများထူလာပြီး အရင်နှစ်ထက် ရေကြီးမည်ကိုလည်း စိုးရိမ်ရကြောင့်သိရသည်။



