ရန်ကုန်မြို့ရှိDishang Fashion (Myanmar) အထည်ချုပ်တွင် လုပ်ခလစာဒေးကြေး ကျပ် ၁၅,၀၀၀ ပေးဖို့၊ ရက်မှန်ကြေး ကျပ် ၂၀,၀၀၀ တိုးပေးဖို့၊ ဂရိတ်အဆင့်အလိုက် ကျပ် ၁,၀၀၀ စီ တိုးပေးဖို့၊ အထည်စံချိန်တွေကို ပုံသေသတ်မှတ်ပေးဖို့၊ ဥပဒေပါခွင့်တွေ ပေးဖို့၊ စူပါတွေက ခွဲခြားဆက်ဆံတာတွေ မလုပ်ဖို့၊ မုန်ဖိုး ကျပ်တစ်တောင်ကို ၁၅ ရက် တကြိမ်ရှင်းပေးဖို့ စတဲ့ အချက်တွေကို တောင်းဆိုနေတာ ဖြစ်ပါတယ်။ Dishang Fashion (Myanmar) Co.,L.td အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသား ပိုင်စက်ရုံဖြစ်ပြီး အလုပ်သမား ၉၀၀ ဝန်းကျင် နဲ့ ONLY , Bestseller အမှတ်တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။ စက်ရုံမှာ WCC အဖွဲ့ ဖွဲ့စည်းထားပြီး အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမထားဘူးလို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။



