မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီနယ်နိမိတ် အတွင်း ကျရောက်နေတဲ့ (၆)မြို့နယ်အတွင်းရှိ လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် သတ်မှတ်ခံထားရတဲ့အဆောက်အအုံပိုင်ရှင် များအနေဖြင့် မိမိတို့ အဆောက် အအုံအား ပြန်လည်ပြင်ဆင်လို တာနဲ့ပတ်သက်ပြီး PE. RSE လိုင်စင်ရ အင်ဂျင်နီယာများထောက်ခံချက်ပါသော ပြင်ဆင်ရမဲ့ Method State-ment နှင့်အတူ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနသို့ ပြန်လည်လျှောက်ထားရမှာဖြစ်ပါတယ်။အဆောက်အအုံ ပြန်လည် ပြင်ဆင်ခြင်းများနှင့် ပတ်သက်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ အရေးယူဆောင်ရွက်သွား မှာဖြစ်တယ်လို့လည်း မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီက အသိပေးကြေညာထားရှိပါတယ်။



