အာရှဈေးကွက်တွင် တရုတ်၊ စင်ကာပူ၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများနှင့် ဥရောပဈေးကွက်တွင် အီတလီ၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့သည် မြန်မာ့ပေါ်ဆန်းမွှေးဆန်ကို အဓိကဝယ်ယူသောနိုင်ငံများဖြစ်ပါသည်။ အမေရိကန်နိုင်ငံနှင့် အာဖရိကဈေးကွက်ဖြစ်သော တောင်အာဖရိကနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့သည်လည်း မြန်မာ့ပေါ်ဆန်းမွှေးဆန် ဝယ်ယူသည့်နိုင်ငံများ ဖြစ်လာပါသည်။ပေါ်ဆန်းမွှေးဆန်၏ ပြည်ပဈေးကွက်ကို ချဲ့ထွင်ရန်အတွက် အာရှ၊ ဥရောပ၊ အမေရိကနှင့် အာဖရိကဈေးကွက်များကို ပိုမိုအာရုံစိုက်ရန် လိုအပ်ပါသည်။ ပေါ်ဆန်းမွှေးဆန် စိုက်ပျိုးထုတ်လုပ်သူများနှင့် ပြည်ပတင်ပို့သူများအကြား ချိတ်ဆက်မှုများလွယ်ကူချောမွေ့ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ဈေးကွက်ဆိုင်ရာနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာ အခြေအနေများကို ဆန်းစစ်လေ့လာသော သုတေသနများ စဉ်ဆက်မပြတ် လုပ်ဆောင်နေရန်လည်း အရေးကြီးလှပါသည်။
| 17 | 0 | 0 | 0 |


