back

မြန်မာဘောလုံးအကယ်ဒမီများသို့ တက်ရောက်ခွင့် ရရှိသည့် ကျောင်းသားသစ်များ အောင်စာရင်းထုတ်ပြန်

May 19 • 9:09 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာဘောလုံးအကယ်ဒမီများသို့ တက်ရောက်ခွင့် ရရှိသည့် ကျောင်းသားသစ်များ အောင်စာရင်းထုတ်ပြန်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာဘောလုံး အကယ်ဒမီများသို့ တက်ရောက်ခွင့်ရရှိသည့် ကျောင်းသားသစ်များ အောင်စာရင်းကို ယနေ့ မေလ (၁၈)ရက်တွင် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချ...

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာဘောလုံး အကယ်ဒမီများသို့ တက်ရောက်ခွင့်ရရှိသည့် ကျောင်းသားသစ်များ အောင်စာရင်းကို ယနေ့ မေလ (၁၈)ရက်တွင် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်အသိပေးထားသည်။ယခုနှစ်အတွက် ဘောလုံးအကယ်ဒမီ ကျောင်းများသို့ တက်ရောက်ခွင့်ရရှိသူ (၇၆)ဦးကို ဇကာတင်ရွေးချယ်ခေါ်ယူထားပြီး၊ ကျောင်းသားများအတွက် နှစ်စဉ် နေစရိတ်၊ စားသောက်စရိတ်၊ ပညာသင်စရိတ်များအားလုံး အခမဲ့ စီစဉ်ပေးထားကြောင်း သိရသည်။အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)သို့ တက်ရောက်ခွင့် ရရှိသည့် ကစားသမားများ အနေဖြင့် မေလ (၂၈) ရက်တွင် အကယ်ဒမီကျောင်းသို့ လာရောက်ဆက်သွယ်ရမည်ဖြစ်ပြီး မန္တလေး အကယ်ဒမီ တက်ရောက်ရမည့် ကျောင်းသားသစ်များ ကျောင်းသို့ လာရောက်ဆက်သွယ်ရမည့် ရက်အား ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

news-view-count-icon

30