ယခုရာသီသည် ပြည်တွင်းတွင် သရက်သီးမှည့်များ လှိုင်လှိုင်ပေါ်သည့် ရာသီသို့ ရောက်လာပြီဖြစ်ပြီး ယခုနှစ်သရက်ရာသီတွင် ဈေးကွက်အတွင်း၌ စိန်တလုံးသရက်သီးများ ဈေးကောင်းရနေကြောင်း သရက်သီးစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။သရက်သီးကို မန္တလေးတိုင်းဒေသကြီးတွင် စိန်တလုံး၊ ရွှေဟင်္သာနှင့် ရင်ကွဲစသည့် သရက်သီးမျိုးကွဲများကို စီးပွားဖြစ်စိုက်ပျိုးပြီး အခြားဒေသများတွင်လည်း မျိုးကွဲအနည်းငယ်ကို ကိုယ်တိုင်စားသုံးရန်အတွက် အိမ်ခြံဝင်းများတွင် စိုက်ပျိုးကြရာ ကျောက်ဆည်ခရိုင်တွင် စိုက်ပျိုးမှုအများဆုံးဖြစ်ပြီး ပြင်ဦးလွင်ခရိုင်တွင် ဒုတိယအများဆုံးစိုက်ပျိုးလျက်ရှိသည်။



