မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တို့ရှိ ဒေသခံများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မေ ၁၇ ရက်က ကူညီထောက်ပံ့မှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။ရမည်းသင်းမြို့နယ် ဝါတိုးရပ်ကွက်၊ ရွှေစည်းခုံရပ် ကွက်၊ မြို့လှကျေးရွာအုပ်စုနှင့် ပဲ့ဆည်ကျေးရွာ အုပ်စုတို့ရှိ ငလျင်ဒဏ်သင့်အိမ်ထောင်စု(၃၁၂)စုအား အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၅၀၀၀၀)၊ တာပေါ်လင်(၂)ချပ်၊ စောင်(၁)ထည်၊ ခြင်ထောင် (၁)လုံး၊ ၂၅ ကီလိုဂရမ်ပါ ဆန်(၁)အိတ်စီတို့အား ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့ရှိ ငလျင်ဒဏ်သင့်သူများအား ကြက်ခြေနီအသင်းက ထောက်ပံ့မှုများပြုလုပ်
May 19 • 9:04 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


