ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်းကျဆင်းလာမှုကြောင့် ပြည်တွင်း၌လည်း စက်သုံးဆီဈေးနှုန်းများ မေလ ၁၅ ရက်နှင့် နှိုင်းယှဉ်ပါက မေလ ၁၉ ရက်တွင် အနည်းငယ်ကျဆင်းလာခဲ့သည်။ လက်ရှိတွင် 92 အမျိုးအစား ၂၇၅၀ ကျပ်၊ 95 သည် ၂၈၀၅ ကျပ်၊ ဒီဇယ် ၂၃၂၀ ကျပ်နှင့် ပရီမီယံဒီဇယ် ၂၈၅၅ ကျပ်အထိ ကျဆင်းလာပြီး စျေးကွက်တွင် လိုအပ်သလောက် ဝယ်ယူသုံးစွဲနိုင်ကြောင်း သက်ဆိုင်ရာကော်မတီမှ ထုတ်ပြန်ထားသည်။



