မန္တလေးငလျင်ကြီးဘေးဒဏ်သင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် အဘိဓမ္မဓရ အကယ်ဒမီခန့်စည်သူက စားသောက်ဖွယ်ရာများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။လှူဒါန်းပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် အလှူရှင်အကယ်ဒမီ ခန့်စည်သူနှင့်အဖွဲ့များ တက်ရောက်ကြသည်။



