back

CATL ဥက္ကဋ္ဌပြောကြားချက်အရ ၂၀၂၈ တွင် တရုတ်နိုင်ငံ၏ အကြီးစားထရပ်ကားများ၏ ထက်ဝက်သည် လျှပ်စစ်ကားများ ဖြစ်လာနိုင်

May 19 • 4:40 AM

breaking-news

မြန်မာ

ပြည်ပ

cover

CATL ဥက္ကဋ္ဌပြောကြားချက်အရ ၂၀၂၈ တွင် တရုတ်နိုင်ငံ၏ အကြီးစားထရပ်ကားများ၏ ထက်ဝက်သည် လျှပ်စစ်ကားများ ဖြစ်လာနိုင်

တရုတ်နိုင်ငံ၏ ဘက်ထရီထုတ်လုပ်ရေးလုပ်ငန်း Contemporary Amperex Technology Co Ltd (CATL) ဥက္ကဋ္ဌ Zeng Yuqun က တနင်္ဂနွေနေ့ (မေ ၁၈ ရက်) တွင် ပြောကြားရာ၌ ၂၀၂၈ ခုနှစ်...

တရုတ်နိုင်ငံ၏ ဘက်ထရီထုတ်လုပ်ရေးလုပ်ငန်း Contemporary Amperex Technology Co Ltd (CATL) ဥက္ကဋ္ဌ Zeng Yuqun က တနင်္ဂနွေနေ့ (မေ ၁၈ ရက်) တွင် ပြောကြားရာ၌ ၂၀၂၈ ခုနှစ်တွင် တရုတ်နိုင်ငံ၏ အကြီးစားထရပ်ကားများ ရောင်းအား၏ ထက်ဝက်သည် လျှပ်စစ်ကားများ (EV) ဖြစ်လာနိုင်ကြောင်း ခန့်မှန်းခဲ့သည်။ ယခု ၂၀၂၄ ခုနှစ်တွင် လျှပ်စစ်ထရပ်ကားများ၏ ရောင်းအားသည် ၁၀% သာ ရှိသေးကြောင်း ၎င်းက ထောက်ပြခဲ့သည်။ Zeng Yuqun ၏ အဆိုအရ လျှပ်စစ်ထရပ်ကား အများစုသည် အားလျော့နေသည့် ဘက်ထရီအထုပ်ကို အားအပြည့်ရှိသော ဘက်ထရီအထုပ်ဖြင့် အလုံးလိုက် လဲလှယ်တပ်ဆင်သည့် စနစ်ကို အသုံးပြုကြမည်ဖြစ်သည်။ ဤဘက်ထရီ လဲလှယ်ချိန်သည် ၃ မိနစ်ဝန်းကျင်သာ ကြာမြင့်မည်ဖြစ်သောကြောင့် အားသွင်းချိန်ကြာမြင့်ခြင်းကြောင့် အလုပ်ပျက်အကိုက်ပျက်ဖြစ်ရသည့် ပြဿနာများ ကင်းဝေးမည်ဟု ၎င်းက ဆိုသည်။


news-view-count-icon

29