ရှမ်းပြည်နယ်အတွင်း ဘိလပ်မြေစက်ရုံ (၃) ရုံတည်ရှိနေပြီး၊ တောင်ကြီးမြို့နယ်ရှိ ရှမ်းရိုးမဘိလပ်မြေစက်ရုံမှ ထုတ်လုပ်သည့် ဘိလပ်မြေများကို နေရာအနှံ့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ ဒေသတွင်း ဆောက်လုပ်ရေးလုပ်ငန်းများအတွက် တင်သွင်းသုံးစွဲမှုအပြင် အခြားဒေသများသို့လည်း စဉ်ဆက်မပြတ်ပေးအပ်နေသည်။



