back

မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ပြုပြင်ဆဲကာလအတွင်း ဥပုသ်နေ့တိုင်း ဖူးမြော်ခွင့်ပြုနိုင်ရေး ဆောင်ရွက်နေ

May 19 • 12:43 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ပြုပြင်ဆဲကာလအတွင်း ဥပုသ်နေ့တိုင်း ဖူးမြော်ခွင့်ပြုနိုင်ရေး ဆောင်ရွက်နေ

မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ပြုပြင်ဆဲကာလအတွင်း ဥပုသ်နေ့တိုင်း ဖူးမြော်ခွင့်ပြုနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင် မေလ (၁၉) ရက် ၊ ကဆုန်လပြည့်ကျ...

မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ပြုပြင်ဆဲကာလအတွင်း ဥပုသ်နေ့တိုင်း ဖူးမြော်ခွင့်ပြုနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင် မေလ (၁၉) ရက် ၊ ကဆုန်လပြည့်ကျော် (၈) ရက် ဥပုသ်နေ့တွင် နံနက် (၈) နာရီမှ ညနေ (၄) နာရီထိ ရဟန်းရှင်လူပြည်သူများ အရှေ့စောင်းတန်းမှ ဝင်ရောက်ဖူးနိုင်ကြောင်း သိရသည်။ ထို့ပြင် ကြားရက်များတွင်မူ အရှေ့စောင်းတန်းထိပ်မှ ဖူးမြော်ကြည်ညိုနိုင်ကြောင်းလည်း မဟာမုနိဂေါပကအဖွဲ့က အသိပေးထားသည်။ မတ်(၂၈)ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် မဟာမြတ်မုနိဘုရားဝင်းအတွင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ဖူးမျှော်နိုင်ရန် ပြင်ဆင်နေခြင်းလည်းဖြစ်သည်။


news-view-count-icon

51