back

ထိုင်းနှင့် မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် သင်္ဘောပေါ်မှ ဒေါ်လာ သန်း ၄၂၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

May 18 • 3:49 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ထိုင်းနှင့် မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် သင်္ဘောပေါ်မှ ဒေါ်လာ သန်း ၄၂၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

အင်ဒိုနီးရှားရေတပ်မှ ထိုင်းနှင့် မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် ထိုင်းအလံတင် သင်္ဘောတစ်စင်းပေါ်တွင် ဒေါ်လာ ၄၂၆ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိ...

အင်ဒိုနီးရှားရေတပ်မှ ထိုင်းနှင့် မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် ထိုင်းအလံတင် သင်္ဘောတစ်စင်းပေါ်တွင် ဒေါ်လာ ၄၂၆ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။သင်္ဘောပေါ်မှ အဝါရောင်နှင့် အဖြူရောင်အိတ်များဖြင့် ထည့်ထားသည့် ကိုကင်း ၁ ဒသမ ၂ တန်ှ မက်သာဖက်တမင်း ၇၀၅ ကီလိုဂရမ် ဒေါ်လာ ၄၂၆ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့သည်။အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်ပြီး သင်္ဘောပေါ် လိုက်ပါလာသည့် ထိုင်းနိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသား လေးဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။


news-view-count-icon

20