နိုင်ငံတကာရှေ့နေများအဖွဲ့တခုသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အပေါ် မေလ ၁၅ ရက်တွင် တရားဝင် တိုင်ကြားချက်တခု ဖွင့်လိုက်ပြီး ဖီဖာသည် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲအိမ်ရှင်အဖြစ် ဆော်ဒီအာရေးဗျကို ရွေးချယ်အတည်ပြုလိုက်ခြင်းနှင့်အတူ ယင်း၏ လူ့အခွင့်အရေး မူဝါဒကို လိုက်နာထိန်းသိမ်းရန် ပျက်ကွက်ထားကြောင်း ရှေ့နေများက ပြောသည်။မကျေနပ်ချက် တိုင်ကြားမှုအတွက် ဖီဖာ၏ ကိုယ်ပိုင်အွန်လိုင်း portal ကို အသုံးပြုရင်း တိုင်ကြားချက်ဖွင့်မှုကို ဖီဖာ၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အကြံပေးအရာရှိဟောင်း မာ့ခ် ပိတ်သ်၊ ဆွစ်ဇာလန်ရှေ့နေ စတီဖန် ဝီဟ်ရန်ဘာ့ဂ်နှင့် ဗြိတိန် ဝတ်လုံတော်ရ ရှေ့နေ ရော့ဒ်နေး ဒိုင်ဇွန်တို့က လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
၂၀၃၄ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ဆော်ဒီအာရေးဗျကို ရွေးချယ်ခြင်းဖြင့် လူ့အခွင့်အရေးထိန်းသိမ်းရန် ပျက်ကွက်မှုအတွက် ဖီဖာကို တိုင်ချက်ဖွင့်
May 18 • 3:26 PM
မျှဝေမည်
| 14 | 0 | 0 | 0 |


