နေပြည်တော်၊တပ်ကုန်းမြို့အရှေ့ တောင် ပေါ်ဒေသများမေ-၁၇ရက်ညပိုင်း မိုးရွာသွန်းမှုကြောင့် တောင်ကျရေများစီးဆင်းလာသဖြင့် နဝင်းချောင်းရေကြီးလာပြီး ယနေ့မေ-၁၈ရက်နေ့တွင် နဝင်းချောင်းဘေးရှိကျေးရွာများအတွင်း ရေဝင်ရောက်မှုရှိလာသဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်းသိရသည်။လက်ရှိတွင်ရန်ကုန်မန္တလေးလမ်းဟောင်းနေရာအချို့တွင် လမ်းများပေါ် ရေကျော်နေသည့်အတွက် ကားများ ရပ်တန့်ထားရကြောင်းလည်း သိရသည်။



