ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် ၇ ရှိ ဖုန်းအပေါင်ဆိုင်တစ်ခုမှာမနေ့ မေလ ၁၇ ရက် နေ့လယ် ၃ နာရီ ၄၅ မိနစ်မှာ Crown ကား စီးလာတဲ့ အမျိုးသား ၈ ဦးဟာ ရပ်ကွက် ၇ ရှိ ဖုန်းအပေါင်ဆိုင်ထဲ ဝင်လာပြီး သေနတ်နဲ့ချိန်ကာ ဆိုင်အတွင်းရှိ ဖုန်း ၅၀ လုံး၊ ရွှေ ၅ ကျပ်သားနဲ့ လက်စွပ်တစ်ကွင်း ယူသွားခဲ့တာပဲ ဖြစ်ပါတယ်။ဓားပြ တိုက်သွားသူတွေဟာ အမျိုးသားတွေဖြစ်ပြီး အသက် ၃၀ ဝန်းကျင် ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။



