back

ကျောက်ဆည်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ဘိလပ်မြေ၊စားရိက္ခာအစုံနှင့်အလှူငွေများ ထောက်ပံ့

May 18 • 10:50 AM

breaking-news

မြန်မာ

မန္တလေး

cover

ကျောက်ဆည်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ဘိလပ်မြေ၊စားရိက္ခာအစုံနှင့်အလှူငွေများ ထောက်ပံ့

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအား ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ယက်မှ ငွေ(၄၇၂၀)ကျ...

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအား ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ယက်မှ ငွေ(၄၇၂၀)ကျပ်သိန်းကျော် တန်ဖိုးရှိ ဘိလပ်မြေ၊ စားရိက္ခာအစုံနှင့် အလှူငွေများကို မေလ၁၇ရက်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဘာသာရေးအဆောက်အဦ(၃၆)လုံးအတွက် ငွေကျပ်(၁၆၁၀)သိန်းတန်ဖိုးရှိ ဘိလပ်မြေအိပ် (၇၀၀၀)အိပ်၊ လူနေအိမ်များလုံးဝပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စု(၁၃၈)စုအတွက် ငွေကျပ်(၇၄.၅၂) သိန်းတန်ဖိုးရှိ စားရိက္ခာအစုံ၊ ငွေကျပ်(၁၃၈)သိန်းတန်ဖိုးရှိ ဆန်အိတ်(၁၃၈)အိပ်၊ ငွေကျပ်(၁၃၈)သိန်းတန်ဖိုးရှိ ဆီပုံး(၁၃၈)ပုံး၊ အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၂၀)သိန်းနှင့် ထောက်ပုံငွေ(၂၇၆၀)သိန်း စုစုပေါင်းငွေ(၄၇၂၀.၅၂) သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။




news-view-count-icon

9