back

ငလျင်သင့် အောက်အအုံများကို Foundation အထိ ဖွင့်ဖောက်စစ်ဆေးနိုင်မှသာ စိတ်ချမှုရှိနိုင်ဟုဆို

May 18 • 10:48 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ငလျင်သင့် အောက်အအုံများကို Foundation အထိ ဖွင့်ဖောက်စစ်ဆေးနိုင်မှသာ စိတ်ချမှုရှိနိုင်ဟုဆို

ငလျင်ဒဏ်သင့်ခဲ့သော အဆောက်အအုံများကို အရည်အသွေးပိုင်းဆိုင်ရာစစ်ဆေးမှုများပြုလုပ်ရာတွင် အောက်ခြေ Foundation အထိ ဖွင့်ဖောက်စစ်ဆေးနိုင်မှသာ စိတ်ချယုံကြည်ရသော အခြေအန...

ငလျင်ဒဏ်သင့်ခဲ့သော အဆောက်အအုံများကို အရည်အသွေးပိုင်းဆိုင်ရာစစ်ဆေးမှုများပြုလုပ်ရာတွင် အောက်ခြေ Foundation အထိ ဖွင့်ဖောက်စစ်ဆေးနိုင်မှသာ စိတ်ချယုံကြည်ရသော အခြေအနေမျိုးဖြစ်နိုင်ကြောင်း ငလျင်သင့် အဆောက်အအုံများကိုစစ်ဆေးခဲ့သည့် အင်ဂျင်နီယာပညာရှင်တစ်ဦးက လူမှုကွန်ရက်တွင် အကြံပြုပြောကြားထားသည်။ငလျင်ဒဏ်ခံခဲ့ရသော အဆောက်အအုံ၏ Foundation အထိ ဖွင့်ဖောက်၍ တွင်းတူးစစ်ဆေးရာတွင် အဆောက်အအုံတစ်လုံးလျှင် ထောင့်လေးထောင့်၌ တစ်ကျင်းစီဖြင့် လေးကျင်းနှုန်း စုစုပေါင်း ကျင်း ၁၀၀ တူး၍ပြန်လည်စစ်ဆေးကြည့်သည့်အခါ ကျင်းပေါင်း ၇၀ လောက်မှာ တိုင်များကျိုးကြေပျက်စီးနေသည်ကို ထိတ်လန့်အံ့ဩဖွယ် အခြေအနေမျိုး တွေ့ခဲ့ရခြင်းလည်းဖြစ်သည့်အတွက် Foundation အထိ ဖွင့်ဖောက်စစ်ဆေးသင့်ကြောင်း အကြံပြုလိုက်ခြင်းလည်းဖြစ်သည်။



news-view-count-icon

22