မေလ ၂၀ ရက်နေ့-ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၊ တမီလ်နာဒူးပြည်နယ်ကမ်းခြေအနီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀% ရှိလာကြောင်းတွေ့ရသည်။မေလ ၂၁ ရက် အဆိုပါဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၉၀% သို့ လျော့ကျပြီးမေလ ၂၃ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၈၀% သို့ထပ်မံလျော့ကျလာသည်။ECMWF Chart ခန့်မှန်းချက်များကို သုံးသပ်ရလျှင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေမရှိ၊ လေဖိအားနည်းရပ်ဝန်းလောက်သာဖြစ်နိုင်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများအထိ အနောက်တောင်မုတ်သုံလေဝင်ရောက်ခြင်းကို တွန်းအားပေးနိုင်သည့် system ဖြစ်လာနိုင်မည်။
May 18 • 10:13 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


