သထုံမြို့နယ် ဒုံဝန်းကျေးရွာ ဒုံဝန်းဘူတာအနီး ရန်ကုန် - မော်လမြိုင်ရထားလမ်း တံတားအမှတ် BR – 75 တွင် ထောင်ထားသည့် လက်လုပ်မိုင်းများအား သက်ဆိုင်ရာက အချိန်မီ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။ယမန်နေ့ မေလ (၁၇) နံနက်ပိုင်း(၈) နာရီခွဲအချိန်ခန့်က အဆိုပါ သထုံမြို့နယ် ဒုံဝန်းကျေးရွာ ဒုံဝန်းဘူတာအနီး ရန်ကုန် - မော်လမြိုင်ရထားလမ်း မိုင်အတိုင်အမှတ် ၁၂၀/၂၃ နှင့် ၂၄ ကြားရှိ တံတားအမှတ် BR – 75 တွင် ထောင်ထားသည့် လက်လုပ်မိုင်းများအား ဒေသခံများက တွေ့ရှိရ၍ သက်ဆိုင်ရာသို့ အကြောင်းကြားပေးခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
သထုံမြို့နယ် ဒုံဝန်းဘူတာအနီး ရန်ကုန် - မော်လမြိုင်ရထားလမ်း တံတားအမှတ် BR – 75 တွင် ထောင်ထားသည့် လက်လုပ်မိုင်းများတွေ့ရှိသဖြင့် သက်ဆိုင်ရာက ဖယ်ရှားရှင်းလင်း
May 18 • 9:58 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 17 | 1 | 0 | 0 |


