မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို) ၏ ပရိယတ္တိသာသနာပြုမဟာဗုဒ္ဓဝင်ပြန့်ပွားရေးဓမ္မဒါနအဖြစ် ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲကို ယနေ့ မေ ၁၇ ရက်မွန်းလွဲပိုင်းက မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ပြု လုပ်ခဲ့သည်။အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဆရာတော်နှင့်ဂုဏ်ထူးဆောင်ဆရာတော်ကြီးများကြွရောက်တော်မူခဲ့ကြသည်။
ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲပြုလုပ်
May 18 • 9:32 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


