၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်း တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည့် “Bridging Tastes” ခေါင်းစဉ်ဖြင့် ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်တွင် မြန်မာနိုင်ငံပါဝင်ပြသရန် ဖိတ်ခေါ်ခံရသည်။ အာဆီယံ-တရုတ်စင်တာ (ACC) မှ ကြီးမှူးကျင်းပသည့်ပွဲတော်တွင် ဒူးရင်းသီးနှင့်ပတ်သက်သည့် ထုတ်ကုန်များ ပြသရန်အတွက် ACC မှ သံရုံးများအတွက် ပြသစင်အခမဲ့ပေးမည်ဖြစ်ပြီး၊ ပါဝင်လိုသူများအနေဖြင့် မေလ ၃၀ မတိုင်မီ အသေးစိတ်ဖောင်များ ဖြည့်စွက်ရန်လိုအပ်ကြောင်း အသိပေးထားသည်။



