ကလော-ရွှေညောင် ရထားလမ်းပိုင်းတွင် ကျောက်မီးသွေးကိုအသုံးပြု၍ မောင်းနှင်းရသည့် ရှေးဟောင်းရေနွေးငွေ့သုံးမီးရထားကို ပြည်တွင်းပြည်ပ ခရီးသွားများအတွက် ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရကာအဆိုပါ ရေနွေးငွေ့သုံးမီးရထားသည်ကျောက်မီးသွေးဖြင့် အသုံးပြုရသည့် ရှေးဟောင်း ရေနွေးငွေ့စက်ခေါင်း မီးရထားဖြစ်ပြီး ကလော-ရွှေညောင် အသွား/အပြန် ခရီးစဉ်ဟာ မိုင် (၇၀)ခန့်ရှိပြီး အချိန် (၃) နာရီကြာမြင့်မည်ဖြစ်ကာ ကျောက်မီးသွေးတန်ချိန် (၃ ဒသမ ၅) တန် ကုန်ကျမည်ဖြစ်ကာအဆိုပါ ရထားပြန်လည်ပြေးဆွဲနိုင်ရေးအတွက် လက်ရှိမှာ ကလောဘူတာရှိ ရေနွေးငွေ့ စက်ခေါင်းသုံး ရှေးဟောင်းမီးရထားကို အတွင်းပိုင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဆေးသုတ်ခြင်းများကို လုပ်ဆောင်နေကြောင်း သိရပါတယ်။ ရထားပြေးဆွဲရာတွင် လမ်းပိုင်း အဆင်ပြေစေရေးအတွက်ကိုလည်း ကလောချောင်း ရေထိန်းနံရံများ တည်ဆောက်ခြင်း၊ ဘူတာရှေ့ရှိ သစ်ပင်သစ်ငုတ်များ ဖယ်ရှားရှင်းလင်းခြင်းနှင့် ဘူတာရှေ့နေရာ၌ ကတ္တရာလမ်းခင်းခြင်းစသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။



