back

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်အိမ်ထောင်စု (၂၁၀)စုအား ကြက်ခြေနီမှ ထောက်ပံ့ခဲ့

May 18 • 4:59 AM

breaking-news

မြန်မာ

ပဲခူး

breaking-news
cover

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်အိမ်ထောင်စု (၂၁၀)စုအား ကြက်ခြေနီမှ ထောက်ပံ့ခဲ့

မေလ (၁၇)ရက်နေ့တွင်ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ကွင်းကြီး၊ ညောင်ပင်သာ၊ ကုန်းကြီး၊ သိုင်းဝ၊ ကြံသနွယ...

မေလ (၁၇)ရက်နေ့တွင်ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ကွင်းကြီး၊ ညောင်ပင်သာ၊ ကုန်းကြီး၊ သိုင်းဝ၊ ကြံသနွယ်၊ ဆင်ဂွေ၊ ဘိုးတော်ကုန်း၊ ပိတောက်ခင်၊ ပေါက်ချောင်း၊ ဆွာတောင်/မြောက်ပိုင်း၊ မြို့လှရပ်ကွက်(၅)ရပ်ကွက်၊ ကက္ကူ၊ နတ်တောင်၊ ဘုရားကုန်း(မြို့လှ)၊ ဇေယျသိမ်၊ ရဲကုန်း၊ ဂုံမင်းကွင်း၊ သာဂရ စသည့်ကျေးရွာအုပ်စုများမှ ငလျင်ဘေးသင့်အိမ်ထောင်စု (၂၁၀)စုအား အိမ်ထောင်စု(၁)စုလျှင် ငွေသားကျပ် ၅၀,၀၀၀ ကျပ်နှင့် တာပေါ်လင်များ၊ စောင်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဆန် (၆)ပြည်(၁)အိတ်၊ အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမျိုးသမီးလစဥ်သုံးပစ္စည်းများ၊ တစ်ယောက်အိပ်မွေ့ရာ(sleeping bed)များ နှင့် လုံးဝပြိုကျပျက်စီးသွားသော အိမ်ထောင်စုများအတွက် ယာယီတဲများကို ထောက်ပံ့ပေးဝေခဲ့ပါတယ်။ထောက်ပံ့ရာတွင် ပဲခူးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ကြက်ခြေနီဝန်ထမ်းများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ငလျင်ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးဝေခဲ့ပါတယ်။


news-view-count-icon

13