သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် ယမန်နေ့ ညနေပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းကျောင်းအုပ်၊ ဆရာ ဆရာမများ၊ လက်ရက်ကန်းခြောက်လသင်တန်းတက်ရောက်နေသော သင်တန်းသူ သင်တန်းသားများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားပြီး သင်တန်းသူများ လက်တွေ့ဆောင်ရွက်နေသည့် လက်ရက်ကန်းဖြင့် ပအိုဝ်းခေါင်းပေါင်း၊ ဓနုလုံချည်နှင့် ဒေသခံတိုင်းရင်းသားဝတ်စုံများ ရက်လုပ်နေမှုကိုလည်းကောင်း၊ စက်ရက်ကန်းရက်လုပ်ခြင်း၊ ချားပုတ်ခြင်း၊ ချည်ချခြင်းနှင့် ဂျပ်ခုတ်လုပ်ငန်းလက်တွေ့သင်ယူနေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးသည်။



