၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအလုပ်သမားစေလွှတ်မှုအပေါ် သက်ဆိုင်ရာအခွန်မပေးဆောင်သေးသည့် လိုင်စင်ရအေဂျင်စီ ၂၈ ခုကို မေလ ၃၁ မတိုင်မီ အခွန်စည်းကြပ်မှုခံယူရန် အသိပေးထားပြီး၊ တာဝန်မခံသည့်အေဂျင်စီများအား လိုင်စင်ပယ်ဖျက်ကာ အမည်မည်းစာရင်းသွင်းမည်ဟု အလုပ်သမားဝန်ကြီးဌာနက ကြေညာသည်။



