ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် နိုင်ငံခြားသုံးငွေလဲလှယ်နှုန်းနှင့် အာရှပစိဖိတ်ဒေသအတွက် စင်ကာပူအခြေစိုက် နေ့စဉ်ပျမ်းမျှဈေးနှုန်းတို့အပေါ် အခြေခံသည်။ လက်ရှိတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်နေမှုနှင့် ပြည်ပမှ ဝယ်ယူရသော ဆီဈေးနှုန်းကျဆင်းမှုကြောင့် ပြည်တွင်းစက်သုံးဆီဈေးသည် တစ်လီတာလျှင် ၇၅ ကျပ်မှ ၁၂၅ ကျပ်အထိ ကျဆင်းလျက်ရှိသည်။



