ရွှေမျက်နှာဖုံးမှော်အစီအရင်များ၊ ပီယနှင့် စန်းခွန်အားမြှင့်ဖို့အတွက် စျေးကြီးစွာထုတ်ဝယ်၍ လုပ်ဆောင်သူများ တဖြည်းဖြည်းများပြားလာကြောင်း သိရသည်။ အဆိုပါအစီအရင်များသည် လာဘ်လာဘကောင်းစေရန်၊ လူချစ်လူခင်ရရှိစေရန် စသည်ဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် အနုပညာရှင်အချို့ကလည်း စိတ်ဝင်စားစွာဖြင့် လုပ်ဆောင်လာကြသည်။ တစ်ခုချင်းဈေးနှုန်းမှာ သိန်း ၃ မှ သိန်း ၉ အထိရှိကြောင်း သိရပြီး ထိုင်းနိုင်ငံမှအစ၍ ပြည်တွင်းသို့ ပြန့်လာခဲ့ခြင်းဖြစ်သည်။



