back

ပြည်ထောင်စုဝန်ကြီး ရှမ်းပြည်နယ်အတွင်းရှိ စက်ရုံများ ကြည့်ရှုစစ်ဆေး

May 18 • 3:49 AM

breaking-news

မြန်မာ

ရှမ်း

cover

ပြည်ထောင်စုဝန်ကြီး ရှမ်းပြည်နယ်အတွင်းရှိ စက်ရုံများ ကြည့်ရှုစစ်ဆေး

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ်၊ စီးပွားရေးရာဝန်ကြီးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင...

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ်၊ စီးပွားရေးရာဝန်ကြီးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) လည်ပတ်နိုင်ရေးအတွက် စက်ရုံရှိ Air Separation Unit ၌ တပ်ဆင်ထားရှိသည့် စက်ပစ္စည်းကိရိယာများအား စစ်ဆေးရန်နှင့် အပြီးသတ်စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ TPE Co., Ltd. မှ ကျွမ်းကျင်ပညာရှင်များကို တွေ့ဆုံသည်။

news-view-count-icon

10